24. သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
25. ထိုအခါအာရုတ်သည်ချက်ချင်းပင်ဒံယေလ ကို မင်းကြီး၏ရှေ့တော်သို့သွင်းပြီးလျှင်မင်း ကြီးအား``အကျွန်ုပ်သည်ယုဒအမျိုးသား သုံ့ပန်းများထဲမှ မင်းကြီး၏အိပ်မက်အနက် ကိုဖော်ပြနိုင်သူကိုတွေ့ရှိပါပြီ'' ဟုလျှောက် လေ၏။
26. မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။
27. ဒံယေလက``အရှင်မင်းကြီး၊ အရှင်၏ မေးခွန်းကိုဖြေကြားနိုင်သောမှော်ဆရာ၊ ပယောဂဆရာ၊ ဗေဒင်ဆရာ၊ နက္ခတ် ဆရာမရှိပါ။-
28. သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
29. ``အရှင်မင်းကြီးသည်စက်တော်ခေါ်လျက် နေစဉ် အနာဂတ်၌ဖြစ်ပျက်မည့်အမှုအရာ အကြောင်းကိုအိပ်မက်မြင်မက်တော်မူပါ၏။ လျှို့ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသော ဘုရားသခင်သည်နောင်ဖြစ်လတ္တံ့ သောအမှုအရာတို့ကိုအရှင့်အားဖွင့်ပြ တော်မူပါ၏။-
30. ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။
31. ``အရှင်မင်းကြီး၊ ကိုယ်တော်သည်အိပ်မက် တွင်အလွန်ကြီးမားတောက်ပပြောင်လက် ၍ကြောက်မက်ဖွယ်ကောင်းသောလူရုပ်တု ကြီးကိုမြင်တော်မူပါ၏။-
32. ထိုရုပ်တုကြီး၏ဦးခေါင်းသည်ရွှေစင်ဖြင့် ပြီးပါ၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်ကိုငွေ ဖြင့်လုပ်ထားပြီးလျှင် ဝမ်းနှင့်ပေါင်တို့ကို ကြေးဝါဖြင့်ပြုလုပ်ထားလေသည်။-
33. ခြေသလုံးကိုသံဖြင့်ပြုလုပ်၍ခြေဖမိုး နှင့် ခြေဖဝါးတို့မှာသံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်ပါ၏။-
34. ထိုရုပ်တုကြီးကိုအရှင်မင်းကြီးကြည့် လျက်နေစဉ် ကျောက်ခဲကြီးတစ်လုံးသည် တောင်ပေါ်မှအလိုအလျောက်ပြုတ်ထွက် လာပြီးလျှင် သံနှင့်ရွှံ့စေးသရွတ်ဖြင့်ပြီး သည့်ရုပ်တုကြီးခြေများကိုထိမှန်ကျိုး ပဲ့သွားစေပါ၏။-
35. ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။