12. ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။-
13. သို့ဖြစ်၍ဒံယေလနှင့်အဖော်များအပါ အဝင်ပညာရှိအပေါင်းတို့အား ကွပ်မျက် ရန်အမိန့်ကိုထုတ်ပြန်လေသည်။
14-15. ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။
16. ချက်ချင်းပင်ဒံယေလသည် မင်းကြီး၏ရှေ့ တော်သို့ဝင်၍``အိပ်မက်၏အနက်ဖွင့်ပြရန် အချိန်ပေးတော်မူပါ'' ဟုလျှောက်ထား လေ၏။-
17. ထိုနောက်ဒံယေလသည်အိမ်သို့ပြန်၍မိမိ ၏အဖော်များဖြစ်သောဟာနနိ၊ မိရှေလနှင့် အာဇရိတို့အားဖြစ်ပျက်သည့်အကြောင်း အရာများကိုပြောပြပြီးနောက်၊-
18. ``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။-