1. နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
10. ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-
11. အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
12. ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။-
13. သို့ဖြစ်၍ဒံယေလနှင့်အဖော်များအပါ အဝင်ပညာရှိအပေါင်းတို့အား ကွပ်မျက် ရန်အမိန့်ကိုထုတ်ပြန်လေသည်။
14-15. ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။