1. နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
2. သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
3. မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။
4. ထိုသူတို့ကအာရမိဘာသာစကားဖြင့် ``အရှင်မင်းကြီးသက်တော်ရာကျော်ရှည် ပါစေ။ အရှင်၏အိပ်မက်ကိုမိန့်ကြားတော် မူပါ။ အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟုလျှောက်ထားကြ၏။
5. မင်းကြီးက``ငါသည်ငါမြင်မက်သည့်အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်အနက်ကို လည်းကောင်းသင်တို့ဖော်ပြကြစေရန်သန္နိ ဋ္ဌာန်ချမှတ်ထားပြီ။ အကယ်၍သင်တို့မ ဖော်ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်း ဖြတ်ကာသင်တို့၏အိမ်များကိုပြာပုံ ဖြစ်စေမည်။-
6. သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ အိပ်မက်ကိုလည်းကောင်း၊ အနက်ကိုလည်း ကောင်းဖော်ပြနိုင်ပါက ငါသည်သင်တို့ အားဆုလာဘ်များပေး၍ဂုဏ်ပြုချီးမြှင့် မည်။ သို့ဖြစ်၍အိပ်မက်ကိုလည်းကောင်း၊ အိပ်မက်၏အနက်ကိုလည်းကောင်းဖော် ပြကြလော့'' ဟုမိန့်တော်မူ၏။
7. ထိုသူတို့က``အရှင်မင်းကြီး၏အိပ်မက်ကို အကျွန်ုပ်တို့အားဖော်ပြတော်မူပါလျှင် အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟု တစ်ဖန်ပြန်လည်လျှောက်ထားကြ၏။
8. ထိုအခါမင်းကြီးက``သင်တို့သည်ငါထင် သည်အတိုင်းအချိန်ဆွဲ၍နေကြပါသည် တကား။-
9. အကယ်၍ငါ၏အိပ်မက်ကိုသင်တို့မဖော် ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်းဖြတ်ကာ သင်တို့အိမ်များကိုပြာပုံဖြစ်စေရန်ငါ စိတ်ပိုင်းဖြတ်ထားပြီ။ သင်တို့သည်နောင်အခါ ၌အခြေအနေပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ငါ့အားလိမ်လည်ပြောဆိုရန် အချင်းချင်းတိုင်ပင်ထားကြပြီ။ ငါ၏ အိပ်မက်ကိုငါ့အားဖော်ပြကြလော့။ ထို သို့ဖော်ပြနိုင်လျှင်အိပ်မက်၏အနက်ကို လည်းသင်တို့ဖွင့်နိုင်ကြောင်းငါသိရှိရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
10. ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-