2. သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
3. ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။
4. ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
5. ထိုနောက်ငါဒံယေလသည်မြစ်ကမ်းတစ် ဖက်တစ်ချက်၌ လူတစ်ယောက်စီရပ်လျက် နေသည်ကိုမြင်ရ၏။-
6. တစ်ယောက်ကမြစ်အထက်ပိုင်းတွင်ရပ် နေသူအား``ဤအံ့သြဖွယ်ကောင်းသည့် အမှုအရာများသည် အဘယ်ကာလမှ ပြီးဆုံးပါမည်နည်း'' ဟုမေး၏။
7. ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
8. ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။
9. ထိုသူက``ဒံယေလ၊ ကမ္ဘာကုန်ဆုံးချိန်တိုင် အောင်ဤစကားများကိုလျှို့ဝှက်၍ထား ရမည်။ သို့ဖြစ်၍ယခုသင်သွားလော့။-