7. ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။-
8. သူတို့၏ဘုရားရုပ်တုများနှင့်ယင်းတို့အား ဆက်ကပ်ထားသည့်ရွှေခွက်ငွေခွက်ရှိသမျှ တို့ကိုလည်း အီဂျစ်ပြည်သို့ယူဆောင်သွား လိမ့်မည်။ ထိုနောက်နှစ်ပေါင်းများစွာငြိမ်း ချမ်းပြီးမှ၊-
9. ဆီးရီးယားဘုရင်သည်အီဂျစ်ပြည်သို့ ချင်းနင်းဝင်ရောက်လာလိမ့်မည်။ သို့ရာတွင် သူသည်ပြန်လည်ဆုတ်ခွာရလိမ့်မည်။
10. ``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-
11. အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
12. သူသည်အောင်ပွဲကိုရရှိသဖြင့်လည်းကောင်း၊ စစ်သည်အမြောက်အမြားကိုသတ်ဖြတ်နိုင် ခဲ့သဖြင့်လည်းကောင်း ဂုဏ်ယူဝါကြွားလိမ့် မည်။ သို့ရာတွင်သူသည်ဆက်လက်၍အောင် ပွဲခံရလိမ့်မည်မဟုတ်။
13. ``ဆီးရီးယားဘုရင်သည်ဆုတ်ခွာသွားပြီး လျှင် ယခင်ကထက်ပိုမိုအင်အားကြီးမား သောတပ်ကြီးတစ်တပ်ကိုစုရုံးလိမ့်မည်။ သူ သည်အချိန်သင့်သောအခါလက်နက်အပြည့် အစုံတပ်ဆင်ထားသည့်တပ်ကြီးတစ်တပ် နှင့်ချီတက်လာလိမ့်မည်။-