4. သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
5. ``အီဂျစ်ဘုရင်သည်တန်ခိုးကြီးမားမည်ဖြစ် သော်လည်း သူ၏စစ်သူကြီးတစ်ဦးကသူ့ထက် ပို၍ တန်ခိုးကြီး၍သူ၏နိုင်ငံထက်ကြီး ကျယ်သောနိုင်ငံကိုအုပ်စိုးလိမ့်မည်။-
6. နှစ်ပေါင်းအတန်ကြာသောအခါအီဂျစ် ဘုရင်၏သမီးတော်ကို ဆီးရီးယားဘုရင် နှင့်ထိမ်းမြားဆောင်နှင်းကာ မဟာမိတ်ဖွဲ့လိမ့် မည်။ သို့ရာတွင်ထိုမဟာမိတ်ဖွဲ့မှုတည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်။ မင်းသမီးနှင့်နောက် လိုက်နောက်ပါအခြွေအရံများသည်လည်း ကောင်း၊ သူ၏သားငယ်နှင့်သူ၏ကြင်ရာတော် တို့သည်လည်းကောင်းအသတ်ခံရကြလိမ့် မည်။-
7. ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။-