ဒံ​ယေ​လ 11:30-32 Common Language Bible (BCL)

30. ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။-

31. သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-

32. မိ​မိ​တို့​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို​စွန့်​လွှတ် လိုက်​ကြ​သူ​တို့​အား ဆီး​ရီး​ယား​ဘု​ရင်​သည် ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် မိ​မိ​၏​ဘက်​သို့​ပါ အောင်​ဆွဲ​ဆောင်​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သော​သူ​တို့​က သူ့​အား ပြန်​လည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။-

ဒံ​ယေ​လ 11