28. ဆီးရီးယားဘုရင်သည်ဘုရားသခင်၏ လူမျိုးတော်ကိုးကွယ်သည့်ဘာသာကို ဖျက်ဆီးရန်သန္နိဋ္ဌာန်ပြုကာ စစ်ပွဲတွင်သိမ်း ဆည်းရရှိထားသည့်ဥစ္စာပစ္စည်းများကိုယူ ၍ပြန်လိမ့်မည်။ သူသည်မိမိ၏အလိုဆန္ဒ ရှိသည်အတိုင်းပြုပြီးနောက်မိမိ၏ပြည် သို့ပြန်လိမ့်မည်။
29. ``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။-
30. ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
31. သူ၏တပ်သားအချို့တို့သည်ဗိမာန်တော်ကို ညစ်ညမ်းစေကြလိမ့်မည်။ သူတို့သည်နေ့စဉ် ပူဇော်ရာယဇ်တို့ကိုရပ်စဲစေလျက်ထိတ်လန့် စက်ဆုတ်ဖွယ်သောအရာ ကိုဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားကြလိမ့်မည်။-
32. မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-
33. ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-