23. ထိုမင်းသည်ကတိစာချုပ်များချုပ်ဆို၍ အခြားနိုင်ငံတို့ကိုလိမ်လည်လှည့်စားလိမ့် မည်။ သူသည်သေးငယ်သောနိုင်ငံကိုအုပ်စိုး ရသော်လည်း တန်ခိုးကြီးမားသည်ထက် ကြီးမား၍လာလိမ့်မည်။-
24. သူသည်ပေါကြွယ်ဝသောပြည်နယ်တစ်ခုကို အမှတ်မထင်ချင်းနင်းဝင်ရောက်၍ မိမိ၏ဘိုး ဘေးတို့မပြုခဲ့ဘူးသည့်အမှုတို့ကိုပြုလိမ့် မည်။ ထိုနောက်စစ်ပွဲတွင်သိမ်းဆည်းရရှိသည့် ဥစ္စာပစ္စည်းများကို မိမိ၏နောက်လိုက်များနှင့် ခွဲဝေယူလိမ့်မည်။ သူသည်ခံတပ်မြို့များကို တိုက်ခိုက်ရန်အကြံအစည်များပြုလိမ့်မည်။ သို့ ရာတွင်သူ၏ခေတ်သည်မကြာမီကုန်ဆုံးသွား လိမ့်မည်။
25. ``သူသည်အီဂျစ်ဘုရင်ကိုတိုက်ခိုက်ရန် စစ် တပ်ကြီးတစ်တပ်ကိုရဲတင်းစွာဖွဲ့စည်းလိမ့် မည်။ အီဂျစ်ဘုရင်သည်လည်းအလွန်အင် အားကြီးမားသောစစ်သည်ဗိုလ်ခြေတို့ဖြင့် သူ့အားခုခံရန်ပြင်ဆင်လိမ့်မည်။ သို့ရာ တွင်သူသည်လိမ်လည်လှည့်စားမှုကိုခံရ ၍အောင်မြင်လိမ့်မည်မဟုတ်။-
26. သူ၏အရင်းနှီးဆုံးအကြံပေးအရာရှိ များသည် သူ၏ပျက်စီးရာပျက်စီးကြောင်းဖြစ် လိမ့်မည်။ သူ၏စစ်သည်တပ်သားအမြောက် အမြားတို့သည် အသတ်ခံရလျက်တပ်မ တော်တစ်ခုလုံးပင်ချေမှုန်းခြင်းခံရလိမ့် မည်။-
27. ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။-
28. ဆီးရီးယားဘုရင်သည်ဘုရားသခင်၏ လူမျိုးတော်ကိုးကွယ်သည့်ဘာသာကို ဖျက်ဆီးရန်သန္နိဋ္ဌာန်ပြုကာ စစ်ပွဲတွင်သိမ်း ဆည်းရရှိထားသည့်ဥစ္စာပစ္စည်းများကိုယူ ၍ပြန်လိမ့်မည်။ သူသည်မိမိ၏အလိုဆန္ဒ ရှိသည်အတိုင်းပြုပြီးနောက်မိမိ၏ပြည် သို့ပြန်လိမ့်မည်။