13. ``ဆီးရီးယားဘုရင်သည်ဆုတ်ခွာသွားပြီး လျှင် ယခင်ကထက်ပိုမိုအင်အားကြီးမား သောတပ်ကြီးတစ်တပ်ကိုစုရုံးလိမ့်မည်။ သူ သည်အချိန်သင့်သောအခါလက်နက်အပြည့် အစုံတပ်ဆင်ထားသည့်တပ်ကြီးတစ်တပ် နှင့်ချီတက်လာလိမ့်မည်။-
14. ထိုအခါအီဂျစ်ဘုရင်ကိုပုန်ကန်သူများ ကြလိမ့်မည်။ အချင်းဒံယေလ၊ သင်၏အမျိုး သားများအထဲမှအကြမ်းဖက်သမားအချို့ တို့သည် ဗျာဒိတ်ရူပါရုံပြည့်စုံစေအံ့ငှာပုန် ကန်ကြလိမ့်မည်။ သို့ရာတွင်သူတို့သည်အရေး ရှုံးနိမ့်ကြလိမ့်မည်။-
15. သို့ဖြစ်၍ဆီးရီးယားဘုရင်သည် အီဂျစ် ပြည်ခံတပ်မြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းယူ လိမ့်မည်။ အီဂျစ်စစ်သည်တပ်သားတို့သည် ဆက်လက်တိုက်ခိုက်ကြတော့မည်မဟုတ်။ သူ တို့အထဲမှလက်ရွေးစင်တပ်သားများ၌ ပင်ခံရပ်နိုင်သောခွန်အားမရှိပေ။-
16. ချင်းနင်းဝင်ရောက်လာသည့်ဆီးရီးယားဘုရင် သည်ခုခံမှုကိုမခံရဘဲ ထိုသူတို့အားမိမိ အလိုရှိသည်အတိုင်းပြုနိုင်လိမ့်မည်။ သူသည် ကတိထားတော်မူသောပြည်တော်သို့ဝင်၍ မိမိ၏လက်တွင်းသို့အပြီးတိုင်ကျရောက် စေလိမ့်မည်။
17. ``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။-
18. ထိုနောက်သူသည်ပင်လယ်အနီးရှိတိုင်းနိုင်ငံ တို့ကိုတိုက်ခိုက်၍ များစွာသောနိုင်ငံတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သို့သော်လည်းတိုင်း တစ်ပါးမှစစ်သူကြီးတစ်ဦးသည် သူ့အား နှိမ်နင်းအောင်မြင်လိမ့်မည်။ သူ၏မာန်မာန ကိုလည်းချိုးနှိမ်လိုက်လိမ့်မည်။ ဆီးရီးယား ဘုရင်အားသူ၏မာန်မာနအတွက်အရှက် ကွဲစေလိမ့်မည်။-
19. မင်းကြီးသည်မိမိ၏နိုင်ငံရှိခံတပ်သို့ပြန် သွားလိမ့်မည်။ သို့ရာတွင်သူသည်အရေး ရှုံးနိမ့်ကာကွယ်ပျောက်သွားလိမ့်မည်။