1. သူသည်ငါ့ကိုကူညီကာကွယ်သူဖြစ်သည်။
2. သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။
3. ``ထိုအခါသူရဲကောင်းအာဇာနည်မင်း တစ်ပါးပေါ်ထွန်းလာလိမ့်မည်။ သူသည် အင်ပါယာနိုင်ငံကြီးကိုအုပ်စိုးလျက် မိမိအလိုဆန္ဒရှိသည်အတိုင်းပြုလိမ့်မည်။-
4. သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
5. ``အီဂျစ်ဘုရင်သည်တန်ခိုးကြီးမားမည်ဖြစ် သော်လည်း သူ၏စစ်သူကြီးတစ်ဦးကသူ့ထက် ပို၍ တန်ခိုးကြီး၍သူ၏နိုင်ငံထက်ကြီး ကျယ်သောနိုင်ငံကိုအုပ်စိုးလိမ့်မည်။-
6. နှစ်ပေါင်းအတန်ကြာသောအခါအီဂျစ် ဘုရင်၏သမီးတော်ကို ဆီးရီးယားဘုရင် နှင့်ထိမ်းမြားဆောင်နှင်းကာ မဟာမိတ်ဖွဲ့လိမ့် မည်။ သို့ရာတွင်ထိုမဟာမိတ်ဖွဲ့မှုတည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်။ မင်းသမီးနှင့်နောက် လိုက်နောက်ပါအခြွေအရံများသည်လည်း ကောင်း၊ သူ၏သားငယ်နှင့်သူ၏ကြင်ရာတော် တို့သည်လည်းကောင်းအသတ်ခံရကြလိမ့် မည်။-
7. ထိုနောက်များမကြာမီမင်းသမီးနှင့်ဆွေ မျိုးတော်စပ်သူတစ်ဦးသည် အီဂျစ်ထီးနန်း ကိုရရှိလိမ့်မည်။ သူသည်ဆီးရီးယားဘုရင် ၏စစ်သည်ဗိုလ်ခြေတို့ကိုတိုက်ခိုက်လိမ့်မည်။ သူတို့၏ခံတပ်ကိုလည်းထိုးဖောက်ဝင် ရောက်ကာသူတို့အားနှိမ်နင်းလိမ့်မည်။-
8. သူတို့၏ဘုရားရုပ်တုများနှင့်ယင်းတို့အား ဆက်ကပ်ထားသည့်ရွှေခွက်ငွေခွက်ရှိသမျှ တို့ကိုလည်း အီဂျစ်ပြည်သို့ယူဆောင်သွား လိမ့်မည်။ ထိုနောက်နှစ်ပေါင်းများစွာငြိမ်း ချမ်းပြီးမှ၊-
9. ဆီးရီးယားဘုရင်သည်အီဂျစ်ပြည်သို့ ချင်းနင်းဝင်ရောက်လာလိမ့်မည်။ သို့ရာတွင် သူသည်ပြန်လည်ဆုတ်ခွာရလိမ့်မည်။