1. ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
2. ထိုအခါ၌ငါဒံယေလသည်သီတင်း သုံးပတ်တိုင်တိုင် ဝမ်းနည်းပူဆွေးလျက် နေ၏။-
3. မွန်မြတ်သောအစာသို့မဟုတ်အသားကို မစား၊ စပျစ်ရည်ကိုမသောက်၊ ခေါင်းမဖြီး ဘဲသီတင်းသုံးပတ်ကုန်ဆုံးချိန်တိုင်အောင် နေ၏။
4. ထိုနှစ်ပထမလ၊ နှစ်ဆယ့်လေးရက်မြောက် သောနေ့၌ ငါသည်တိဂရစ်မြစ်ကြီး၏ ကမ်းပါးပေါ်တွင်ရပ်လျက်နေ၏။-
5. မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
6. သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
7. ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
8. ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-