6. ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။-
7. မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
8. ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
9. ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
10. သို့ရာတွင်အာရှပေနတ်သည်မင်းကြီးကိုကြောက်သဖြင့်ဒံယေလအား``မင်းကြီးသည်သင်တို့စားသောက်ကြရမည့်အစားအစာများကိုပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ထိုကြောင့်အကယ်၍သင်တို့သည်အခြားလူငယ်လူရွယ်များနည်းတူ ကျန်းမာသန်စွမ်းမှုမရှိပါကငါအသတ်ခံရပါလိမ့်မည်'' ဟုဆို၏။
11. သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊-
12. ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။-
13. ထိုနောက်ပွဲတော်စာများစားသောက်ရသူလူငယ်လူရွယ်များနှင့်ငါတို့အားနှိုင်းယှဉ်ကြည့်ပြီးလျှင် သင်တို့တွေ့မြင်ရသည့်ငါတို့ရုပ်ဆင်းသဏ္ဌာန်အပေါ်တွင်မူတည်၍ ငါတို့အားအဘယ်သို့ကျွေးမွေးသင့်သည်ကိုဆုံးဖြတ်ပါလော့'' ဟုဆို၏။