19. မင်းကြီးသည်ထိုသူရှိသမျှတို့နှင့်ဆွေးနွေးမေးမြန်းတော်မူရာဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့သည်အခြားသူတို့ထက်ပို၍ဉာဏ်ပညာကောင်းကြောင်းတွေ့ရှိရလေသည်။ သို့ဖြစ်၍သူတို့သည်အပါးတော်တွင်ခစားခွင့်ရကြ၏။-
20. မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
21. ဒံယေလသည်ဗာဗုလုန်ပြည်ကိုပါရှနိုင်ငံ၏ဧကရာဇ်မင်းဖြစ်သူ ကုရုမင်းတိုက်ခိုက်အောင်မြင်၍နန်းတက်လာချိန်တိုင်အောင်နန်းတော်တွင်ရှိနေသတည်း။