ထွက်​မြောက် 9:8-24 Common Language Bible (BCL)

8. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ဆုပ်​ယူ လော့။ မော​ရှေ​သည်​ဘု​ရင်​ရှေ့​တွင်​ပြာ​ကို​လေ ထဲ​သို့​ပစ်​လွှင့်​ရ​မည်။-

9. ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-

10. သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-

11. အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-

12. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။

13. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-

14. ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-

15. အ​ကယ်​၍​ငါ​သည်​တန်​ခိုး​တော်​ဖြင့် သင်​နှင့် သင်​၏​လူ​မျိုး​ကို​ရောဂါ​ဘေး​သင့်​စေ​ခဲ့​ပါ​မူ သင်​တို့​အား​လုံး​ပင်​သေ​ကျေ​ပျက်​စီး​ကုန် မည်​ဖြစ်​သည်။-

16. သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-

17. သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-

18. နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-

19. ယ​ခု​သင်​သည်​သင်​၏​တိ​ရစ္ဆာန်​များ​နှင့်​ကွင်း ပြင်​၌​ရှိ​သ​မျှ​တို့​ကို အ​မိုး​အ​ကာ​အောက်​သို့ သွင်း​စေ​လော့။ အ​ကာ​အ​ကွယ်​မ​ရှိ​သော​လူ နှင့်​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​အ​ပေါ်​သို့ မိုး​ရွာ​ချ သ​ဖြင့်​သေ​ကျေ​ပျက်​စီး​ကြ​လိမ့်​မည်။''

20. ဘု​ရင်​၏​မှူး​မတ်​အ​ချို့​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​မိန့်​တော်​မူ​ချက်​ကို​ယုံ​၍​ကြောက် ရွံ့​သ​ဖြင့် မိ​မိ​တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန် များ​ကို​အ​မိုး​အ​ကာ​အောက်​သို့​သွင်း​ထား ကြ​၏။-

21. အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။

22. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​လူ​များ၊ တိ​ရစ္ဆာန်​များ၊ လယ်​ကွင်း​ရှိ​အ​ပင်​များ​ပေါ်​သို့ မိုး​ရွာ​ချ​စေ​ရန်​သင်​၏​လက်​ကို​ကောင်း​ကင် သို့​မြှောက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

23. မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-

24. ထို​မုန်​တိုင်း​သည် အ​လွန်​ဆိုး​ရွား​သော​မုန် တိုင်း​ဖြစ်​သ​ဖြင့် အီ​ဂျစ်​ပြည်​သ​မိုင်း​တွင် တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ကြုံ​ဘူး​သော အ​ဆိုး​ရွား​ဆုံး​မုန်​တိုင်း​ဖြစ်​၏။-

ထွက်​မြောက် 9