5. ငါသည်နက်ဖြန်နေ့၌ထိုအမှုကိုပြုမည်' ဟုထာဝရဘုရားအချိန်ကန့်သတ်တော်မူ ကြောင်းကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
6. နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
7. ဘုရင်သည်ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန် တစ်ကောင်မျှမသေကြောင်းကိုစုံစမ်း သိရှိရလေ၏။ သို့သော်ဘုရင်သည်ခေါင်းမာ မြဲခေါင်းမာလျက် ဣသရေလအမျိုးသား တို့ကိုသွားခွင့်မပြုဘဲနေလေ၏။
8. ထိုနောက်ထာဝရဘုရားက မောရှေနှင့်အာရုန် တို့အား``မီးဖိုထဲကပြာကိုလက်နှင့်ဆုပ်ယူ လော့။ မောရှေသည်ဘုရင်ရှေ့တွင်ပြာကိုလေ ထဲသို့ပစ်လွှင့်ရမည်။-
9. ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။-
10. သို့ဖြစ်၍သူတို့သည်ပြာကိုယူ၍ဘုရင်ရှေ့ တွင်ရပ်နေကြ၏။ မောရှေသည်ပြာကိုလေထဲ သို့ပစ်လွှင့်လိုက်ရာ လူနှင့်တိရစ္ဆာန်တို့၏ကိုယ် ပေါ်၌အနာဆိုးများပေါက်စေလေ၏။-
11. အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
12. သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
13. ထိုနောက်ထာဝရဘုရားကမောရှေအား ဟေဗြဲ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြားလော့။ ``နံ နက်စောစောတွင် ဘုရင်နှင့်သွားရောက်တွေ့ဆုံ ပြီးလျှင်`ငါ့အားဝတ်ပြုနိုင်ရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
14. ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
15. အကယ်၍ငါသည်တန်ခိုးတော်ဖြင့် သင်နှင့် သင်၏လူမျိုးကိုရောဂါဘေးသင့်စေခဲ့ပါမူ သင်တို့အားလုံးပင်သေကျေပျက်စီးကုန် မည်ဖြစ်သည်။-
16. သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
17. သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
18. နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
19. ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။''
20. ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။-