မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-