18. မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
19. ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
20. တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
21. သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
22. ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
23. ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။-
24. ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
25. ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
26. မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
27. အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
28. ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
29. မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
30. ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
31. ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
32. သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။