7. ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
8. ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
9. ``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
10. မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
11. ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
12. ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။-
13. ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
14. ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။-
15. နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
16. ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
17. အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
18. မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။