17. ဂေရရှုံ၏သားနှစ်ယောက်မှာလိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ သူတို့၌သားမြေးများစွာ ရှိကြ၏။-
18. ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
19. မေရာရိ၏သားနှစ်ယောက်မှာမဟာလိနှင့် မုရှိတို့ဖြစ်ကြ၏။ အထက်ဖော်ပြပါတို့ သည်လေဝိ၏အဆက်အနွယ်များဖြစ် ကြသတည်း။
20. အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
21. ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-
22. သြဇေလ၏သားတို့မှာမိရှေလ၊ ဧလဇာဖန်၊ သိသရိတို့ဖြစ်ကြ၏။
23. အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-