15. ရှိမောင်၏သားခြောက်ယောက်မှာယမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာနှင့်ခါနာန် အမျိုးသမီးမှဖွားသောရှောလတို့ဖြစ်ကြ ၏။ ဤသူတို့သည်မိမိတို့၏နာမည်များကို ခံယူသောအဆက်အနွယ်များ၏ဖခင်များ ဖြစ်ကြ၏။-
16. လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
17. ဂေရရှုံ၏သားနှစ်ယောက်မှာလိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ သူတို့၌သားမြေးများစွာ ရှိကြ၏။-
18. ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
19. မေရာရိ၏သားနှစ်ယောက်မှာမဟာလိနှင့် မုရှိတို့ဖြစ်ကြ၏။ အထက်ဖော်ပြပါတို့ သည်လေဝိ၏အဆက်အနွယ်များဖြစ် ကြသတည်း။
20. အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
21. ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-