5. သင်တို့လူမျိုးသည်အီဂျစ်လူမျိုးတို့ထက် များပြားလာကြလေပြီ။ ယခုသင်တို့အလုပ် မှရပ်နားလိုကြသည်တကား'' ဟုဆိုလေ၏။
6. ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-
7. ``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
8. သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
9. သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။
10. အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
11. သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
12. ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
13. အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
14. အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
15. ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
16. ကိုယ်တော်ကျွန်တို့အားကောက်ရိုးကိုမပေးဘဲ အုတ်ဖုတ်ရမည်ဟုအမိန့်ပေးပါသည်။ ကိုယ် တော်ကြောင့်ယခုကိုယ်တော်ကျွန်တို့အရိုက် အနှက်ခံနေရပါသည်'' ဟုလျှောက်ထား ကြ၏။