ထွက်​မြောက် 40:9-14 Common Language Bible (BCL)

9. ``တဲ​တော်​နှင့်​တဲ​တော်​အ​တွင်း​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို ဘိ​သိက်​ဆီ​သွန်း​လောင်း ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​လော့။-

10. ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။-

11. ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။

12. ``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-

13. အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။-

14. သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-

ထွက်​မြောက် 40