ထွက်​မြောက် 4:8-17 Common Language Bible (BCL)

8. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။-

9. အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

10. သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။

11. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။-

12. သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။

13. သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။

14. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​မျက်​ထွက်​၍``သင်​၌​လေ​ဝိ​အ​မျိုး​သား အစ်​ကို​အာ​ရုန်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည် နှုတ်​သတ္တိ​ကောင်း​သူ​ဖြစ်​ကြောင်း​ငါ​သိ​၏။ သူ သည်​သင်​နှင့်​အ​လွန်​တွေ့​လို​၍ ယ​ခု​ပင်​လျှင် သင့်​ထံ​သို့​လာ​နေ​ပြီ။-

15. သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။-

16. သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။-

17. တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထွက်​မြောက် 4