ထွက်​မြောက် 4:15-25 Common Language Bible (BCL)

15. သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။-

16. သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။-

17. တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

18. မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။

19. မော​ရှေ​သည်​မိ​ဒျန်​ပြည်​၌​ရှိ​စဉ်၊ ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် လော့။ သင့်​ကို​သတ်​လို​သူ​အ​ပေါင်း​တို့​သည် အ​နိစ္စ​ရောက်​ကြ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-

20. သို့​ဖြစ်​၍​မော​ရှေ​သည်​သူ​၏​မ​ယား​နှင့်​သား တို့​ကို​မြည်း​ပေါ်​တွင်​တင်​၍၊ ထာ​ဝ​ရ​ဘု​ရား ဆောင်​ထား​စေ​သော​တောင်​ဝှေး​ကို​လက်​ထဲ​တွင် ကိုင်​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​ခဲ့ လေ​သည်။

21. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

22. ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-

23. ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။

24. လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-

25. ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-

ထွက်​မြောက် 4