27. သူတို့သည်အာရုန်နှင့်သူ၏သားများအတွက် အတွင်းခံအင်္ကျီ၊-
28. ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
29. အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
30. သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
31. ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
32. နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
33. သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
34. အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
35. ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-