3. အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-
4. သင်တိုင်းကိုချည်ထားရန်ပခုံးသိုင်းကြိုးနှစ် ချောင်းကိုတပ်ထား၏။-
5. ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
6. သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
7. ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ဣသရေလအမျိုးတစ်ဆယ့် နှစ်မျိုးတို့ကိုကိုယ်စားပြုရန်၊ ထိုကျောက် များကိုပခုံးသိုင်းကြိုးများပေါ်တွင်တပ် ဆင်ထားကြ၏။
8. သူတို့သည်ရင်ဖုံးကိုသင်တိုင်းချုပ်သည့်ပစ္စည်း များနှင့်ချုပ်၍ အလားတူပန်းထိုးထားကြ သည်။-
9. ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျား၊ အနံ မှာကိုးလက်မစီရှိသည်။-
24-26. ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း ဝတ်ရုံ၏အောက်နားပတ်လည် တွင်ပိတ်ချော၊ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးသလဲသီးလုံးများနှင့်ရွှေ ဆည်းလည်းများကိုတစ်လုံးကျော်စီတပ် ဆင်ထားသည်။
27. သူတို့သည်အာရုန်နှင့်သူ၏သားများအတွက် အတွင်းခံအင်္ကျီ၊-
28. ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
29. အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
30. သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
31. ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
32. နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
33. သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
34. အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
35. ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
36. စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
37. ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
38. ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
39. ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်း ပိုး၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံးတို့ကို လည်းကောင်း၊ ရွှေအင်တုံနှင့်အောက်ခုံကိုလည်း ကောင်း၊-
40. တဲတော်ဝင်းအတွက်ကန့်လန့်ကာများ၊ တိုင် များနှင့်အောက်ခြေခံများ၊ တဲတော်ဝင်း တံခါးဝအတွက်ကန့်လန့်ကာနှင့်ကြိုးများ၊ တဲတော်ကြက်ဆူးများကိုလည်းကောင်း၊ ထာဝရဘုရားစံတော်မူရာတဲတော် အတွင်းဆောင်ရွက်ခြင်းဆိုင်ရာပစ္စည်းရှိ သမျှကိုလည်းကောင်း၊-
41. သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-