ထွက်​မြောက် 39:23-42 Common Language Bible (BCL)

23. ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-

24-26. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း ဝတ်​ရုံ​၏​အောက်​နား​ပတ်​လည် တွင်​ပိတ်​ချော၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ ဆည်း​လည်း​များ​ကို​တစ်​လုံး​ကျော်​စီ​တပ် ဆင်​ထား​သည်။

27. သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-

28. ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊

29. အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-

30. သူ​တို့​သည် ``ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ် ထား​သည်'' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ထွင်း ထား​သည်​ရွှေ​န​ဖူး​စည်း​ကို​ပြု​လုပ်​ကြ​၏။-

31. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ထို​န​ဖူး​စည်း​ကို​ခေါင်း​ပေါင်း အ​ပေါ်​တွင်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ကြ​၏။

32. နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​ဆိုင်​ရာ​လုပ်​ငန်း​အား​လုံး​ပြီး​စီး လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဆောင်​ရွက်​ကြ​၏။-

33. သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-

34. အ​နီ​ရောင်​ဆိုး​သိုး​ထီး​သား​ရေ​အ​မိုး၊ သား​ရေ​ချော​အ​မိုး​ကာ​ရန်​ကန့်​လန့်​ကာ၊-

35. ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ် သေတ္တာ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏ ထမ်း​ပိုး​နှင့်​အ​ဖုံး​တို့​ကို​လည်း​ကောင်း၊-

36. စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-

37. ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-

38. ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-

39. ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-

40. တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-

41. သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-

42. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-

ထွက်​မြောက် 39