ထွက်​မြောက် 39:17-29 Common Language Bible (BCL)

17. ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-

18. အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-

19. သူ​တို့​သည်​နောက်​ထပ်​ရွှေ​ကွင်း​ကို​ပြု​လုပ်​၍၊ သင်​တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက် ထောင့်​အ​တွင်း​နား​တွင်​တပ်​ထား​၏။-

20. သူ​တို့​သည်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု လုပ်​၍၊ လှ​ပ​စွာ​ရက်​ထား​သော​ရင်​စည်း အ​ထက်၊ သင်​တိုင်း​၏​ပ​ခုံး​ကြိုး​နှစ်​ခု​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ထား​၏။-

21. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။

22. သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-

23. ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-

24-26. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း ဝတ်​ရုံ​၏​အောက်​နား​ပတ်​လည် တွင်​ပိတ်​ချော၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ ဆည်း​လည်း​များ​ကို​တစ်​လုံး​ကျော်​စီ​တပ် ဆင်​ထား​သည်။

27. သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-

28. ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊

29. အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-

ထွက်​မြောက် 39