15. သူတို့သည်ရင်ဖုံးအတွက်ရွှေကြိုးလိမ် များကိုပြုလုပ်၏။-
16. ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။-
17. ရွှေကြိုးလိမ်နှစ်ပင်ကိုရင်ဖုံးထောင့်ရှိကွင်း ၌တပ်၍၊-
18. အခြားအဖျားနှစ်ခုကိုရွှေပန်းထည်နှစ်ခု တွင်ချည်နှောင်ထား၏။ ဤနည်းအားဖြင့်ရွှေ ကြိုးလိမ်များသည်၊ သင်တိုင်း၏ပခုံးသိုင်း ကြိုးများအရှေ့ပိုင်းတွင်တပ်ထားလျက် ရှိလေ၏။-
19. သူတို့သည်နောက်ထပ်ရွှေကွင်းကိုပြုလုပ်၍၊ သင်တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက် ထောင့်အတွင်းနားတွင်တပ်ထား၏။-
20. သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။-