ထွက်​မြောက် 39:13-17 Common Language Bible (BCL)

13. စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-

14. ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-

15. သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-

16. ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-

17. ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-

ထွက်​မြောက် 39