1. သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။
2. ယဇ်ပုရောဟိတ်သင်တိုင်းကိုပိတ်ချော၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးနှင့်ရွှေ ချည်တို့ဖြင့်ရက်လုပ်၏။-
3. အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-
4. သင်တိုင်းကိုချည်ထားရန်ပခုံးသိုင်းကြိုးနှစ် ချောင်းကိုတပ်ထား၏။-
5. ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
24-26. ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း ဝတ်ရုံ၏အောက်နားပတ်လည် တွင်ပိတ်ချော၊ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးသလဲသီးလုံးများနှင့်ရွှေ ဆည်းလည်းများကိုတစ်လုံးကျော်စီတပ် ဆင်ထားသည်။