ထွက်​မြောက် 39:1-18 Common Language Bible (BCL)

1. သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။

2. ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ပိတ်​ချော၊ အ​ပြာ ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​နှင့်​ရွှေ ချည်​တို့​ဖြင့်​ရက်​လုပ်​၏။-

3. အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​တွင်​အ​ပြား​ခတ်​ထား​သော​ရွှေ မှ​လှီး​သော​ရွှေ​ကြိုး​များ​ဖြင့်​ရက်​လုပ်​ထား​၏။-

4. သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-

5. ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-

6. သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-

7. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ့် နှစ်​မျိုး​တို့​ကို​ကိုယ်​စား​ပြု​ရန်၊ ထို​ကျောက် များ​ကို​ပ​ခုံး​သိုင်း​ကြိုး​များ​ပေါ်​တွင်​တပ် ဆင်​ထား​ကြ​၏။

8. သူ​တို့​သည်​ရင်​ဖုံး​ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း များ​နှင့်​ချုပ်​၍ အ​လား​တူ​ပန်း​ထိုး​ထား​ကြ သည်။-

9. ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား၊ အနံ မှာ​ကိုး​လက်​မ​စီ​ရှိ​သည်။-

10. သူ​တို့​သည်​ထို​ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက် လေး​တန်း​တပ်​ဆင်​ထား​၏။ ပ​ထ​မ​အ​တန်း တွင်​ပတ္တမြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-

11. ဒု​တိ​ယ​အ​တန်း​တွင်​မြ၊ နီ​လာ၊ စိန်၊

12. တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊

13. စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-

14. ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-

15. သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-

16. ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-

17. ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-

18. အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-

ထွက်​မြောက် 39