5. ကြေးဝါဆန်ခါထောင့်လေးထောင့်တွင်ထမ်း ပိုးလျှိုရန် ကွင်းကိုပြုလုပ်၏။-
6. ထမ်းပိုးများကိုအကာရှသစ်သားဖြင့် လုပ်၍၊ ကြေးဝါပြားကပ်ထား၏။-
7. ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။
8. သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
9. သူသည်တဲတော်ကိုကာရန်ကန့်လန့်ကာများ ကို ပိတ်ချောဖြင့်ပြုလုပ်၏။ တောင်ဘက်၌ကာရန် ကန့်လန့်ကာသည်၊ အလျားကိုက်ငါးဆယ်ရှိ၏။-
10. ကန့်လန့်ကာကိုချိတ်ဆွဲရန်တိုင်နှစ်ဆယ်နှင့် တိုင်ဖိနပ်နှစ်ဆယ်တိုင်ကိုကြေးဝါဖြင့်လည်း ကောင်း၊ ချိတ်များနှင့်တန်းများကိုငွေဖြင့် လည်းကောင်းပြုလုပ်၏။-
11. မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။-
12. အနောက်ဘက်၌ကာရန်ကန့်လန့်ကာသည်၊ အလျားနှစ်ဆယ့်ငါးကိုက်ရှိ၍၊ တိုင်ဆယ်တိုင်၊ တိုင်ဖိနပ်ဆယ်ခု၊ ချိတ်၊ တန်းများကိုငွေဖြင့် ပြုလုပ်၏။-
13. တံခါးဝရှိရာတဲတော်အရှေ့ဘက်ဝင်းသည် လည်း နှစ်ဆယ့်ငါးကိုက်ကျယ်၏။-
16. တဲတော်ဝင်းတစ်လျှောက်ရှိကန့်လန့်ကာ အားလုံးကိုပိတ်ချောဖြင့်ပြုလုပ်သည်။-
17. တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
18. တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။-
19. ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။-