11. မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။-
12. အနောက်ဘက်၌ကာရန်ကန့်လန့်ကာသည်၊ အလျားနှစ်ဆယ့်ငါးကိုက်ရှိ၍၊ တိုင်ဆယ်တိုင်၊ တိုင်ဖိနပ်ဆယ်ခု၊ ချိတ်၊ တန်းများကိုငွေဖြင့် ပြုလုပ်၏။-
13. တံခါးဝရှိရာတဲတော်အရှေ့ဘက်ဝင်းသည် လည်း နှစ်ဆယ့်ငါးကိုက်ကျယ်၏။-
14-15. တဲတော်တံခါးဝတစ်ဘက်တစ်ချက်တွင်၊ အနံခုနစ်ကိုက်ခွဲရှိသောကန့်လန့်ကာနှင့် တိုင်သုံးတိုင်၊ တိုင်ဖိနပ်သုံးခုစီရှိ၏။-
16. တဲတော်ဝင်းတစ်လျှောက်ရှိကန့်လန့်ကာ အားလုံးကိုပိတ်ချောဖြင့်ပြုလုပ်သည်။-
17. တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
18. တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။-
19. ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။-
20. တဲတော်နှင့်ဝင်းအတွက်ကြက်ဆူးရှိသမျှ တို့ကိုကြေးဝါဖြင့်ပြုလုပ်၏။
21. ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
22. ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။-
23. သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။
24. တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
25. သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။-
26. ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
27. အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။-