ထွက်​မြောက် 38:1-11 Common Language Bible (BCL)

1. သူ​သည်​ယဇ်​ပလ္လင်​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ဆောက်​လုပ်​၏။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ် ပေ​ခွဲ၊ အ​နံ​ခု​နစ်​ပေ​ခွဲ၊ အ​မြင့်​လေး​ပေ​ခွဲ ရှိ​၏။-

2. ထောင့်​လေး​ထောင့်​ရှိ​ဦး​ချို​သဏ္ဌာန်​အ​တက်​များ သည် ပလ္လင်​နှင့်​တစ်​သား​တည်း​ရှိ​၏။ ပလ္လင်​တစ်​ခု လုံး​ကို​ကြေး​ဝါ​ပြား​ကပ်​ထား​၏။-

3. ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-

4. ကြေး​ဝါ​ဆန်​ခါ​ကို၊ ပလ္လင်​အ​နား​အောက် အ​မြင့်​ထက်​ဝက်​နေ​ရာ​တွင်​တပ်​ဆင်​ထား​၏။-

5. ကြေး​ဝါ​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ထမ်း ပိုး​လျှို​ရန် ကွင်း​ကို​ပြု​လုပ်​၏။-

6. ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် လုပ်​၍၊ ကြေး​ဝါ​ပြား​ကပ်​ထား​၏။-

7. ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။

8. သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။

9. သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-

10. ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-

11. မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-

ထွက်​မြောက် 38