9. ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
10. သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
11. စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-
12. စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။-
13. စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
14. ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-
15. ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။-
16. စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။
17. သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
18. ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။-