2. သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
3. သေတ္တာတော်ကိုသယ်ဆောင်ရန်ရွှေကွင်းလေး ကွင်းကိုလုပ်၍၊ အောက်ခြေလေးထောင့်တွင်၊ နှစ်ကွင်းစီတပ်ဆင်၏။-
4. ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
5. သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
6. အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
9. ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
10. သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
11. စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-
12. စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။-
13. စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
14. ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-