ထွက်​မြောက် 37:10-24 Common Language Bible (BCL)

10. သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-

11. စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။-

12. စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။-

13. စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။-

14. ထို​ကွင်း​များ​ကို​ဘောင်​အ​နီး​တွင်​ကပ်​၍ တပ် ထား​၏။-

15. ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​၏။-

16. စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။

17. သူ​သည်​ဆီ​မီး​တိုင်​ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ​မီး တိုင်​အောက်​ခံ​ခုံ​နှင့်​တိုင်​ကို၊ ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော​အ​လှ ပန်း​များ​ကို၊ ဆီ​မီး​တိုင်​နှင့်​တစ်​သား​တည်း​ပြု လုပ်​သည်။-

18. ဆီ​မီး​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​ကိုင်း​သုံး ခက်​စီ​ဖြင့်၊ အ​ကိုင်း​ခြောက်​လက်​ဖြာ​ထွက်​၏။-

19. အ​ကိုင်း​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့် ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​နှင့်​တူ သည့်​အ​လှ​ပန်း​ပွင့်​သုံး​ပွင့်​ရှိ​လေ​သည်။-

20. ဆီ​မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ ပါ​သော ဗာ​ဒံ​ပွင့်​နှင့်​တူ​သည့်​အ​လှ​ပန်း​ပွင့်​လေး​ပွင့် ရှိ​လေ​သည်။-

21. အ​ကိုင်း​သုံး​စုံ​တွင်၊ တစ်​စုံ​စီ​အောက်​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​သည်။-

22. ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။-

23. သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။-

24. သူ​သည်​ဆီ​မီး​တိုင်​နှင့်​ဆီ​မီး​တိုင်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ဖြင့်​ပြု​လုပ်​လေ​၏။

ထွက်​မြောက် 37