9. ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
10. သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
11. ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။-
12. ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။-
13. သူတို့သည်ရွှေချိတ်ငါးဆယ်ကိုလုပ်၍၊ ထို ချိတ်များဖြင့် ကန့်လန့်ကာနှစ်စပ်ကိုပူးတွဲ ၍၊ တစ်ခုတည်းဖြစ်စေကြ၏။
14. ထိုနောက်သူတို့သည်တဲတော်အမိုးအတွက်၊ ဆိတ်မွေးဖြင့်ရက်သောအထည်တစ်ဆယ့် တစ်ထည်ကိုချုပ်ကြ၏။-
15. တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။-
16. သူတို့သည်အမိုးငါးထည်ကိုတစ်စပ်ချုပ် ၏။ အခြားခြောက်ထည်ကိုနောက်တစ်စပ် ချုပ်ကြ၏။-
17. ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။-
18. သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။-