ထွက်​မြောက် 36:4-19 Common Language Bible (BCL)

4. ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊-

5. ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။

6. ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။-

7. ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။

8. အ​တတ်​ပ​ညာ​ရှင်​များ​အ​နက်၊ အ​ကျွမ်း​ကျင် ဆုံး​သော​အ​တတ်​ပ​ညာ​ရှင်​တို့​သည်၊ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။ သူ​တို့​သည်​ပိတ်​ချော​နှင့်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​တို့​ဖြင့် ရက်​လုပ်​၍၊ ခေ​ရု​ဗိမ် အ​ရုပ်​များ​ကို​ပန်း​ဖော်​ထား​သည့်​ကန့်​လန့် ကာ​ဆယ်​ထည်​ဖြင့်၊ တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။-

9. ကန့်​လန့်​ကာ​အား​လုံး​သည်​အ​ရွယ်​တူ​ဖြစ် ၍၊ တစ်​ခု​စီ​သည်​အ​လျား​တစ်​ဆယ့်​လေး ကိုက်၊ အနံ​နှစ်​ကိုက်​ရှိ​၏။-

10. သူ​တို့​သည်​ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ် ၍​ချုပ်​၏။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို အ​တိုင်း​ချုပ်​ကြ​၏။-

11. ကန့်​လန့်​ကာ​တစ်​စပ်​စီ​၏​အ​ပြင်​ဘက်​အ​နား တပ်​ရန်​ပိတ်​တွင်၊ အ​ပြာ​ကွင်း​များ​ကို​ချုပ် ကြ​၏။-

12. ပ​ထ​မ​အ​စပ်​၏​ပ​ထ​မ​ကန့်​လန့်​ကာ​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အစပ် ၏​နောက်​ဆုံး​ကန့်​လန့်​ကာ​တွင်​ကွင်း​ငါး​ဆယ် ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင်​တပ် ကြ​၏။-

13. သူ​တို့​သည်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​လုပ်​၍၊ ထို ချိတ်​များ​ဖြင့် ကန့်​လန့်​ကာ​နှစ်​စပ်​ကို​ပူး​တွဲ ၍၊ တစ်​ခု​တည်း​ဖြစ်​စေ​ကြ​၏။

14. ထို​နောက်​သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို​ချုပ်​ကြ​၏။-

15. တစ်​ဆယ့်​တစ်​ထည်​စ​လုံး​အ​လျား​အ​နံ​တူ ဖြစ်​၍၊ တစ်​ထည်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ကိုက်​နှင့်​အ​နံ​နှစ်​ကိုက်​ရှိ​၏။-

16. သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-

17. ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​အ​နား တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား တစ်​စပ်​၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို လည်း​ကောင်း​တပ်​ကြ​၏။-

18. သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-

19. ထပ်​မံ​၍​အ​မိုး​နှစ်​ထပ်​ကို​ပြု​လုပ်​ကြ​၏။ တစ်​ထည်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး သား​ရေ​ဖြင့်​လည်း​ကောင်း၊ ထို​အ​ပေါ်​တွင် ဖြန့်​အုပ်​ရန်​အ​ထပ်​ကို​သား​ရေ​ချော​ဖြင့် လည်း​ကောင်း၊ ပြု​လုပ်​ကြ​၏။

ထွက်​မြောက် 36