ထွက်​မြောက် 36:30-34 Common Language Bible (BCL)

30. သို့​ဖြစ်​၍​ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​အောက် ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ်​ခု​ရှိ​သ​ဖြင့်၊ ဘောင်​ခွေ​ရှစ်​ခု နှင့်​ငွေ​အောက်​ခံ​ခြေ​စွပ်​ခုံ​တစ်​ဆယ့်​ခြောက်​ခု ရှိ​လေ​သည်။

31. သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ အ​တွက် ကန့်​လန့်​ကျင်​များ​ကို​အ​ကာ​ရှ​သစ် သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တဲ​တော်​တောင်​ဘက် အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း၊-

32. မြောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း နှင့် အ​နောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး ချောင်း​ကို​ပြု​လုပ်​ကြ​၏။-

33. အ​လယ်​ကန့်​လန့်​ကျင်​ကို တဲ​တော်​အ​စွန်း တစ်​ဘက်​တစ်​ချက်​တို့​တွင်​အ​ဆုံး​သတ် စေ​၏။-

34. ဘောင်​ခွေ​တို့​ကို​ရွှေ​ချ​၍၊ ကန့်​လန့်​ကျင်​များ ကို​ထိန်း​ရန် ရွှေ​ကွင်း​များ​တပ်​ဆင်​ထား​သည်။ ကန့်​လန့်​ကျင်​များ​ကို​လည်း​ရွှေ​ချ​ထား​၏။

ထွက်​မြောက် 36