23. တဲတော်တောင်ဘက်၌ကာရန်၊ ဘောင်ခွေနှစ် ဆယ်ကိုလုပ်၍၊-
24. ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။-
25. ထိုနည်းတူတဲတော်မြောက်ဘက်၌ကာရန်၊ ဘောင်ခွေနှစ်ဆယ်ကိုလုပ်၍၊-
26. ဘောင်ခွေတစ်ခုစီအောက်တွင်၊ ငွေအောက်ခံ ခြေစွပ်ခုံနှစ်ခုကျဖြင့်၊ ခြေစွပ်ခုံလေး ဆယ်တပ်ဆင်၏။
27. အနောက်မျက်နှာရှိတဲတော်၏ကျောဘက်ကို ကာရန်၊ ဘောင်ခွေခြောက်ခုကိုလည်းကောင်း၊-
28. အနောက်ဘက်ထောင့်တစ်ဘက်တစ်ချက်၌ကာ ရန်၊ ဘောင်ခွေနှစ်ခုကိုလည်းကောင်းလုပ်ကြ၏။-
29. ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။-
30. သို့ဖြစ်၍ဘောင်ခွေတစ်ခုစီအောက်တွင်အောက် ခံငွေခြေစွပ်ခုံနှစ်ခုရှိသဖြင့်၊ ဘောင်ခွေရှစ်ခု နှင့်ငွေအောက်ခံခြေစွပ်ခုံတစ်ဆယ့်ခြောက်ခု ရှိလေသည်။
31. သူတို့သည်တဲတော်အတွင်းဘောင်ခွေများ အတွက် ကန့်လန့်ကျင်များကိုအကာရှသစ် သားဖြင့်ပြုလုပ်ကြ၏။ တဲတော်တောင်ဘက် အတွက်ကန့်လန့်ကျင်ငါးချောင်း၊-
32. မြောက်ဘက်အတွက်ကန့်လန့်ကျင်ငါးချောင်း နှင့် အနောက်ဘက်အတွက်ကန့်လန့်ကျင်ငါး ချောင်းကိုပြုလုပ်ကြ၏။-
33. အလယ်ကန့်လန့်ကျင်ကို တဲတော်အစွန်း တစ်ဘက်တစ်ချက်တို့တွင်အဆုံးသတ် စေ၏။-
34. ဘောင်ခွေတို့ကိုရွှေချ၍၊ ကန့်လန့်ကျင်များ ကိုထိန်းရန် ရွှေကွင်းများတပ်ဆင်ထားသည်။ ကန့်လန့်ကျင်များကိုလည်းရွှေချထား၏။
35. သူတို့သည်ကန့်လန့်ကာကိုအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက် လုပ်၍၊ ခေရုဗိမ်ရုပ်များကိုပန်းပေါက်ဖော် ထားကြသည်။-
36. ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။-
37. တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-