15. တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။-
16. သူတို့သည်အမိုးငါးထည်ကိုတစ်စပ်ချုပ် ၏။ အခြားခြောက်ထည်ကိုနောက်တစ်စပ် ချုပ်ကြ၏။-
17. ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။-
18. သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။-
19. ထပ်မံ၍အမိုးနှစ်ထပ်ကိုပြုလုပ်ကြ၏။ တစ်ထည်ကိုအနီရောင်ဆိုးသောသိုးထီး သားရေဖြင့်လည်းကောင်း၊ ထိုအပေါ်တွင် ဖြန့်အုပ်ရန်အထပ်ကိုသားရေချောဖြင့် လည်းကောင်း၊ ပြုလုပ်ကြ၏။
20. သူတို့သည်တဲတော်အတွင်းဘောင်ခွေများ ကို အကာရှသစ်သားဖြင့်ပြုလုပ်ကြ၏။-
21. ဘောင်ခွေတစ်ချပ်စီသည်အလျားတစ်ဆယ့် ငါးပေနှင့်အနံနှစ်ဆယ့်ခုနစ်လက်မရှိ၍၊-
22. ဘောင်ခွေများကိုစရွေးဖြင့်ဆက်စပ်ထား၏။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင်စ ရွေးဖော်ထားလေ၏။-
23. တဲတော်တောင်ဘက်၌ကာရန်၊ ဘောင်ခွေနှစ် ဆယ်ကိုလုပ်၍၊-
24. ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။-