ထွက်​မြောက် 36:14-18 Common Language Bible (BCL)

14. ထို​နောက်​သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို​ချုပ်​ကြ​၏။-

15. တစ်​ဆယ့်​တစ်​ထည်​စ​လုံး​အ​လျား​အ​နံ​တူ ဖြစ်​၍၊ တစ်​ထည်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ကိုက်​နှင့်​အ​နံ​နှစ်​ကိုက်​ရှိ​၏။-

16. သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-

17. ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​အ​နား တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား တစ်​စပ်​၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို လည်း​ကောင်း​တပ်​ကြ​၏။-

18. သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-

ထွက်​မြောက် 36