1. ``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။
2. မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
3. သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။-
4. ထိုအခါတဲတော်ကိုဆောက်လုပ်နေကြသော အတတ်ပညာရှင်တို့သည်မောရှေထံသို့ လာ၍၊-
5. ``လူတို့ယူလာကြသောပစ္စည်းများသည် ထာဝရဘုရားစေခိုင်းတော်မူသောလုပ်ငန်း အတွက်လိုအပ်သည်ထက်ပိုနေပါသည်'' ဟု ပြောကြ၏။
6. ထို့အခါမောရှေက``မည်သူမျှတဲတော် အတွက်လှူဖွယ်ပစ္စည်းများကိုထပ်မံ၍ မလှူဒါန်းရ'' ဟုအမိန့်ထုတ်၍စခန်းရှိ လူအပေါင်းတို့အားကြေညာစေ၏။ ထို ကြောင့်လူတို့သည်လှူဖွယ်ပစ္စည်းများကို မယူခဲ့ကြတော့ချေ။-
7. ရရှိခဲ့သမျှသောပစ္စည်းတို့သည်လုပ်ငန်း ရှိသမျှအတွက်လိုအပ်သည်ထက်ပိုလျှံ လျက်ရှိ၏။
8. အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
9. ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
10. သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
11. ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။-
12. ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။-