ထွက်​မြောက် 35:8-21 Common Language Bible (BCL)

8. မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-

9. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။

10. ``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-

11. တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-

12. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-

13. စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-

14. ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-

15. နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​နှင့် ထမ်း​ပိုး​တန်း များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊-

16. ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင် အ​တွက်​ထမ်း​ပိုး​တန်း​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ၊-

17. တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​နှင့်​တိုင်​များ၊ ခြေ​စွပ်​များ၊ ဝင်း​ပေါက်​ကန့်​လန့်​ကာ၊-

18. တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-

19. ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။

20. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-

21. ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-

ထွက်​မြောက် 35