ထွက်​မြောက် 35:20-33 Common Language Bible (BCL)

20. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-

21. ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-

22. စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊

23. အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-

24. ငွေ​သို့​မ​ဟုတ်​ကြေး​ဝါ​လှူ​နိုင်​သူ​တို့​က​ထာ​ဝ​ရ ဘု​ရား​အား​ထို​ပစ္စည်း​များ​ကို​ဆက်​ကပ်​ကြ​၏။ အ​ကာ​ရှ​သစ်​ရှိ​သူ​တို့​က၊ ဆောက်​လုပ်​ရာ​၌ အ​သုံး​ပြု​ရန်​ထို​ပစ္စည်း​ကို​ဆက်​ကပ်​ကြ​၏။-

25-26. ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-

27. ဣ​သ​ရေ​လ​အမျိုး​သား​အကြီး​အကဲ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ဖြစ်​သော​သင်​တိုင်း​နှင့်​ရင်​စည်း​အ​ဝတ်​တို့ တွင်​တပ်​ဆင်​ရန်၊ ကျောက်​နီ​နှင့်​အ​ခြား ကျောက်​မျက်​ရ​တ​နာ​တို့​ကို​လည်း​ကောင်း၊-

28. မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-

29. မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။

30. မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-

31-32. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-

33. ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-

ထွက်​မြောက် 35