ထွက်​မြောက် 35:1-14 Common Language Bible (BCL)

1. မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို​စု​ရုံး​စေ​၍``သင်​တို့​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ပ​ညတ်​တော်​မူ​သည်။-

2. သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-

3. ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။

4. တစ်​ဖန်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``သင်​တို့​အား​ထာ​ဝရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။-

5. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-

6. ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-

7. အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ ချော၊ အ​ကာ​ရှ​သစ်​သား၊-

8. မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-

9. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။

10. ``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-

11. တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-

12. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-

13. စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-

14. ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-

ထွက်​မြောက် 35